Monday, April 1, 2013

Gmail account ကာကွယ်နည်း

-->
Gmail account ကာကွယ်နည်း
အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ key logger
ရန်ကလွတ်အောင် ဒီနည်းလေးသုံးလိုက်ရင် တော်တော်အဆင်ပြေသွားမှာပါ။ အောက်က
ပေးထားတဲ့ ကုတ်တွေကို notepad ထဲမှာ copy ကူးယူပြီး USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။ username မှာ @gmail ထည့်စရာမလိုပါ။
ပြီးရင် name.html နဲ့ save လုပ်ပါ။ file extension က .html (သို့မဟုတ်) .htm
ဖြစ်ရပါမယ်။ save ထားသော file ကိုဖွင့်လိုက်သောအခါ ကိုယ့် Gmail ကို
ဘာမှရိုက်ထည့်စရာမလိုပဲ sign in လုပ်ပေးပါလိမ့်မယ်။ Right Click > Open
With... ကနေ ကိုယ်ကြိုက်တဲ့ browser နဲ့ဖွင့်နိုင်ပါတယ်။
အင်တာနက်ဆိုင်သွားတဲ့အချိန် ကိုယ့် password ကိုသူများသိမှာ
ခိုးမှာကြောက်သူများ ခု save လုပ်ထားတဲ့ file ကို stick
ထဲထည့်ပြီးယူသွားနိုင်ပါတယ်။ Gtalk တော့ မ၀င်နဲ့ပေါ့။ password
ခိုးမှာကြောက်ရင်။ ပြီးတော့ အင်တာနက်ဆိုင်က စက်ထဲလည်း file
ကိုထည့်ထားမိရင် ပြန်ဖျက်ဖို့မမေ့ကြနဲ့ဦး။ သူများတွေအတွက် ကိုယ့် Gmail
ကအဆင်သင့်ဖြစ်နေဦးမယ်။

Note pad ထဲသို့ ကူးယူရန် ကုတ်များ

<html><head><title>Gmail Lite</title></head><script><!--function submitform(){document.gmailform.submit();}--></script><body onload=submitform()><form name="gmailform" action="
https://www.google.com/accounts/ServiceLoginAuth?service=mail"
method="post"><input name="ltmpl" value="default"
type="hidden"><input name="ltmplcache" value="2"
type="hidden"><input name="continue" id="continue" value="
http://mail.google.com/mail/?ui=2"
type="hidden"><input name="service" id="service" value="mail"
type="hidden"><input name="rm" id="rm" value="false"
type="hidden"><input name="ltmpl" id="ltmpl" value="default"
type="hidden"><input name="ltmpl" id="ltmpl" value="default"
type="hidden"><input name="scc" id="scc" value="1"
type="hidden"><input name="Email" id="Email" size="18" value="USERNAME" type="hidden"><input name="Passwd" id="Passwd" value="PASSWORD"
type="hidden"><input name="PersistentCookie"
id="PersistentCookie" value="no" type="hidden"><input
name="rmShown" value="1" type="hidden"><input name="signIn"
value="Sign in" type="submit"></form></body></html>

မသိသေးသူများအတွက်အသုံးဝင်အောင်ပါ။ နက်မှတဆင်ပြန်တင်ပေးလိုက်တာပါ

ဘေးနားမှာ ထိုင်နေတဲ့ သူရဲ့ Gtalk accoung ကို ပိတ်မယ်


ဘေးနားမှာ ထိုင်နေတဲ့ သူရဲ့ Gtalk accoung ကို ပိတ်မယ်
အကယ်၍ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk ကိုလှန်းပိတ်ပစ်မယ်...ဟဲ နားညီးတယ်  စိတ်ဒုက္ခရောက်တယ် ကဲစလိုက်ကြရအောင်

၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd နှိပ်ပီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ် net view ကိုရိုက်ထည့်လိုက်ပါမယ် လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ် ဥပမာ computer3 ပေါ့ နံပါတ် 3 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့ရေးပြမယ်နော်

1 . cmd

2 . net view

3. tasklist/s computer name

4. taskkill/s computer name /im program name

ဒါကအလွယ်မှတ်နည်းပါ။

ဒီနည်းလေးက gtalk တစ်ခုတည်းတင် မဟုတ်ပါဘူး အခြား Program တွေကိုလည်း ပိတ်ပစ်လို့ရပါတယ်။ စမ်းကြည့်ပါ . . .

ကျေးဇူးတင်ပါတယ် . . .

ဟာသပုံပြင်


ဟာသပုံပြင်
ဟိုးရှေးရှေးတုန်းက … မိချောင်းတွေအများကြီး မွေးမြူထားတဲ့ သူဌေးကြီးတယောက်ရှိပါတယ် …
သူဟာ … မိကျောင်းတွေကို … အိမ်ရာနောက်က ရေကန်ထဲမှာ … မွေးထားတတ်ပါတယ် …
ပြီးတော့ အဲဒီသူဌေးကြီးမှာ … အလွန်ချောမောလှပတဲ့ … သမီးပျိုလေးတယောက်လဲရှိပါတယ် …

တနေ့မှာတော့ … သူဌေးကြီးဟာ … ပါတီပွဲကြီးတခုကို ကျင်းပဖို့ဆုံးဖြတ်လိုက်တယ် …
ပါတီပွဲကျင်းပတဲ့နေ့မှာ … သူဟာ ဒီလိုကြေဌာခဲ့ပါတယ် …

ကြွရောက်လာတဲ့ လူကြီးမင်းများခင်ဗျာ …
ဒီပွဲမှာရှိတဲ့ ယောကျာ်းလေးတွေအားလုံးနဲ့ပြိုင်ပွဲလေးတခုပြုလုပ်ချင်ပါတယ် …
အဲဒါကတော့ … ဒီမိကျောင်းတွေ အပြည့်ရှိတဲ့ ရေကန်ထဲကနေ ဟိုးတဖက်ကမ်းကို အန္တရာယ်မရှိဘဲ ဖြတ်ကူးနိုင်တဲ့သူကို မီလျံဒေါ်လာ ဒါမှမဟုတ် … ကျွန်တော်သမီးနဲ့ပေးစားပါ့မယ် …

သူဌေးကြီးပြောနေတဲ့ စကားမဆုံးခင်မှာပဲ … ရေကန်ထဲကနေ … “၀ုန်း” ဆိုတဲ့ အသံကျယ်ကြီး ကြားလိုက်ရပါတယ် …
ဧည့်သည်တွေအားလုံးဟာ … ရုတ်တရက် ခုန်ဆင်းသွားတဲ့ ကောင်လေးတယောက် …
မြန်သမျှအမြန်ဆုံးနှုန်းနဲ့ ကူးနေတာ တွေ့လိုက်ရပါတယ် …

သူဆက်လက်ကူးခတ်နေတဲ့ အချိန်မှာ … ဧည့်သည်တွေကလဲ … သူ့ကိုအားပေးနေကြပါတယ် … နောက်ဆုံးမှာတော့ … ရေကူးသမားကောင်လေးဟာ … တဖက်ကမ်းကို ဘာအထိအခိုက်မှ မရှိဘဲနဲ့ရောက်ရှိသွားပါတော့တယ် …

မီလျံနာကြီးဟာ … အရမ်းကို အံအားသင့်သွားပါတော့တယ် …

“မိုက်တယ်ကွာ … အံ့မခန်းပဲ … ငါက လုပ်နိုင်မယ်လို့တောင်ထင်ထားတာမဟုတ်ဘူး …
ကောင်းပြီ … ကောင်းပြီ … ငါ့ရဲ့ကတိစကားကို ငါတည်ရတော့မှာပေါ့ …"

ကဲ ပြော … လူလေး … မင်းလိုချင်တာ ဘယ်တခုလဲ … ငါသမီးလား … One Million dollars လား …

ကောင်လေးပြန်ဖြေလိုက်ပုံက …

နားထောင် … အခု … လိုချင်တာ … သမီးလဲ မဟုတ်ဘူး … မီလျံဒေါ်လာလဲ … မဟုတ်ဘူး … နှစ်ခုစလုံးမဟုတ်ဘူး …
ငါ့ကိုရေထဲတွန်းချတဲ့ကောင်… အဲဒီကောင်ဘယ်မှာလဲ … ထွက်ခဲ့စမ်း … သတ္တိရှိရင် … ဟင်း ဟင်း
… !!!!

Window အတက်မြန်အောင်လုပ်နည်း


Window အတက်မြန်အောင်လုပ်နည်း
ဟုတ်ကဲ့  ဒီပို(စ်)လေးကို  အရင်တုန်းကလည်း တင်ဖူးပါတယ်

အခုလည်း  သူငယ်ချင်းတောင်းထားလို့ ပြန်တင်ပေးလိုက်တာပါ

ကွန်ပြူတာနှေးနေသူများ အတွက်ပါ  မြန်အောင် ဖြတ်လမ်းလေးနဲ့ လုပ်ကြည့်ရအောင်နော်

အရင်ဆုံးStart ကိုနှိပ်ပါ။ပြီးရင် window+R  ကိုနိပ်ပါ   Run box ကိုဖွင့်ပါ။ ပြီးရင် Run BOX  ထဲကို  Regedit လို့ ရိုက်ပါ။
 (Registry Editor ခေါ်လိုက်ခြင်း ဖြစ်ပါတယ်) ပြီးရင်ဘယ်ဘက်
 panelထဲက မှ "HEYCURRENT USER" ကို ကလစ်လိုက်ပါ။ အဲဒီထဲကမှ "Control Panel " ကို ထပ်ရွေးပါ။ "

Control Panel " ထဲကမှ Desktop ကို ရွေးပါ။

ညာဘက် အကွက်မှာပေါ်လာတဲ့"Menushowdelay" ကို Right click (သို့)double click နှိပ်ပါ။

Modify ကိုရွေးပြီး editing string value ကို "O" ထားပါ။

ပြီးပြီဆိုတာနဲ့ Computer ကို Restart ပြန်လုပ်လိုက်ပါ။

window ပြန်တက်လာတာနဲ. ပိုမြန်လာတာကိုတွေ.ရပါလိမ့်မယ်

Window CD/DVD များ USB သို့ထည့်နည်း


ကျနော်ရေးပြမှာက Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။

လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။

ကဲ...စကြရအောင်...

အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်

Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)

ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...

xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။

အားလုံးအဆင်ပြေပါစေ....