ဂျီတော့အကောင့်ကို သူများတွေ ပြန်မကြည့်နိုင်အောင်လုပ်နည်း
ကိုယ့်ဂျီတော့အကောင့်တွေကို သုံးပြီးရင် Username တွေကို သူများတွေမသိအောင် ပိတ်တဲ့နည်းလေးပါ။
အရမ်းတန်ဖိုးရှိပါတယ်။ ကိုယ့်အကောင့်ခိုးခံရမှာလဲ သိပ်မစိုးရိမ်ရတော့ဘူးပေါ့။
1.ပထမဆုံးအနေနဲ့ Window Key + R ကိုတွဲနှိပ်ပါ။ ပြီးရင် regedit လို့ရိုက်ထည့်ပါ။ Box ငါးခုကျလာပါလိမ့် မယ်။
2.အဲဒီအထဲက ဒုတိယတစ်ခုဖြစ်တဲ့ HKEY-CURRENT-USER ရဲ့ Downarrow လေးကို Click နှိပ်ပါ။
အဲဒီအထဲကမှ Software ရဲ့ရှေ့က Downarrow လေးကို Click နှိပ်ပါ။
3.ပြီးရင် Google ကိုတွေ့အောင်ရှာပါ။ ပြီးရင် Google ရဲ့ရှေ့က Downarrow လးကို Click လိုက်ပါအုန်း။
4.အဲဒီအထဲကမှ Google Talk ကိုရွေးပါ။
5.နောက်ဆုံးအချက်ကတော့ Google Talk ကို Double Click နှိပ်လိုက်ပါ။ အဲဒါဆိုရင် ဘေးက ကိုယ့် Username ကို နှစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီနှစ်ခုကို Right Click နှိပ် Delete ပေးလိုက်ပါ။
ဒါဆိုရင်တော့ ကိုယ့် Username ကို ဘယ်သူမှ ပြန်ပြီးမတွေ့ နိုင်တော့ဘူးပေါ့။